Back to Search View Original Cite This Article

Abstract

<jats:p>အသွင်ကူးပြောင်းရေးကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် နိုင်ငံရေးအရ သဘောတူညီမှုများနှင့် အမြစ်တွယ်နေသောအကျိုးစီးပွားများအကြား ဟန်ချက်မိမိ မျှခြေတစ်ခုရှိစေရန် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရလေ့ရှိပါသည်။ ဤမူဝါဒဆိုင်ရာစာတမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၏ ပြဋ္ဌာန်းချက်များကို ပုံဖော်ရာတွင် အထောက်အကူပြုသည့် အဓိကသဘောတူညီချက်များဖြစ်သော လမ်းညွှန်အခြေခံမူများ၏ အရေးကြီးသောအခန်းကဏ္ဍကို လေ့လာထားပါသည်။ ဤစာတမ်းတွင် တောင်အာဖရိကနိုင်ငံ၏ လူမျိုးရေးခွဲခြားမှုစနစ်အဆုံးသတ်ပြီးနောက်ပိုင်းတွင်ပြုလုပ်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်အတူ ဥပမာများပေး၍ ဤအခြေခံမူများဖြင့် မည်သို့ယုံကြည်မှုတည်ဆောက်နိုင်သည်၊ လူနည်းစုအဖွဲ့များကို မည်သို့အာမခံချက်ပေးနိုင်သည်နှင့် ပွင့်လင်းသောတွေ့ဆုံဆွေးနွေးမှုဖြစ်စေရန် မည်သို့ တိုက်တွန်းအားပေးနိုင်သည်တို့အပေါ် ဆွေးနွေးတင်ပြထားပါသည်။ တစ်ချိန်တည်းမှာပင် ဤစာတမ်းတွင် ထိုကဲ့သို့သောအခြေခံမူများကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ထားပါသည်။ ထို့ပြင် အထက်မှအောက်သို့ချဉ်းကပ်သည့် နည်းလမ်းများနှင့်အတူပါရှိလာတတ်သည့် သပိတ်မှောက်မှုများ သို့မဟုတ် တရားဝင်မှု ဆုံးရှုံးခြင်းများ စသည့် အန္တရာယ်များကိုလည်း ဆန်းစစ်ထားပါသည်။ ဤစာတမ်းတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများမှသည် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအထိ ဤအခြေခံမူများကို ရေးဆွဲရာတွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် နည်းလမ်းအမျိုးမျိုးကို ရှာဖွေခြင်းဖြင့် အားလုံးပါဝင်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော မူဘောင်များအား မည်သို့ရေးဆွဲရမည်ကို လက်တွေ့ကျသော အသိအမြင်များပေး၍ ဆွေးနွေးထားပါသည်။ မူဝါဒချမှတ်သူများ၊ ဆွေးနွေးညှိနှိုင်းသူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတွင် ပါဝင် ပတ်သက်သူများအားရည်ရွယ်သည့် ဤစာတမ်းတွင် လမ်းညွှန်အခြေခံမူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့များအပေါ် အဓိပ္ပါယ်ရှိသော ကန့်သတ်ချက်များချမှတ်ထားပြီး ဆန့်ကျင်ဘက်အဖွဲ့များအကြား မည်သို့မည်ပုံ ချိတ်ဆက်ပေးနိုင်သည်ကို မီးမောင်းထိုး ဆွေးနွေးတင်ပြထားပါသည်။</jats:p>

Show More

Keywords

ဤစတမတင ဆနတငပထပသည အသငကပငရကလအတင ဖစညပအခခဥပဒရဆရတင နငငရအရ

Related Articles

PORE

About

Connect